
Tik Tok ကို အမေရိကန်မှာ ပိတ်ပင်လိုက်တဲ့နောက် TikTok ဆယ်လီတွေဟာ ငိုတဲ့သူကငို ပေါက်ကွဲသူကပေါက်ကွဲနဲ့ လောင်နေကြပါတယ်။
TikTok ဆယ်လီ တယောက်ဖြစ်တဲ့ Emily Senn ကတော့ သူမရဲ့ TIKTok အကောင့်မှာ တက်ငိုခဲ့ပါတယ်။
TikTok ကို ပိတ်ပင်ခဲ့တဲ့ လုပ်ရပ်အတွက် အမေရိကန်အစိုးရအား မည်သည့်အခါမျှ ခွင့်လွှတ်မည်မဟုတ်ကြောင်း ပြောခဲ့ပါတယ်။
” ဒီလိုလုပ်လိုက်တာက သန်းပေါင်းများစွာသော လူတွေရဲ့ ဝင်ငွေနဲ့ စားဝတ်နေရေးကို လုယူသွားတာဖြစ်တဲ့အတွက်ရှင်တို့ကို ဘယ်တော့မှ အယုံကြည်ရှိမှာမဟုတ်တော့ဘူး” လို့ လည်း ပြောခဲ့ပါတယ်။
Follower 1 သန်းကျော်ရှိတဲ့ တစ်တော့ဆယ်လီ Madilynn Cameron ကတော့ TikTok ကို ကယ်တင်ဖို့ လက်မှတ်ထိုး တောင်းဆိုမှု (petition) တခုပြုလုပ်ခဲ့ပြီး သမ္မတ Biden သို့မဟုတ် ရွေးကောက်ခံသမ္မတ Donald Trump မှ အမိန့်ကို ပြင်ဆင်ပေးဖို့ မျှော်လင့်နေပြီး “တည်တည်ငြိမ်ငြိမ်နဲ့ မျှော်လင့်ချက်” ရှိနေဖို့ သူမရဲ့ Follower တွေကို ပြောခဲ့ပါတယ်။
” တခြားနိုင်ငံတွေအတွက် ငါတို့က ရယ်စရာ ဖြစ်နေပြီ။ အားလုံးက ငါတို့ကို လှောင်ပြောင်နေကြပြီ နားလည်ရဲ့လား ” လို့ ပြောပါတယ်။
TikTok ပိတ်ပင်မှု အပေါ် အခြား TikTokဆယ်လီတွေဟာလည်း စိတ်ဆိုး ဒေါသထွက်ခဲ့ကြပါတယ်။
နာမည်ကြီး Content creator ဖြစ်တဲ့ Kelsey Pume က “လွတ်လပ်စွာ ပြောဆိုခွင့်ရေ နှုတ်ဆက်ပါတယ် (Goodbye freedom of speech) ဆိုပြီး Video တင်ခဲ့ပါတယ်။
စာသင်ကျောင်းတွေမှာကလေးတွေ u-စ်-တ်ခံနေရတာ၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ယိုယွင်းနေတာ၊ အိမ်နဲ့ရာနဲ့ မနေနိုင်တဲ့အိမ်ခြေမဲ့တွေများနေတာ ဒီလိုမျိုး ပိုကြီးတဲ့ ပြဿနာတွေကို ဖြေရှင်းမယ့်အစား အန္တရာယ်ရှိတယ်လို့သက်သေမပြနိုင်တဲ့ဒီ app ကိုပဲ ပိုပြီး ဂရုစိုက်နေကြတဲ့အပေါ် ဘယ်လိုမှနားမလည်နိုင်ဘူး။ ဒီနိုင်ငံကို -ီးပါပဲ ( F*** this country) လို့ ပြောသွားပါတယ်။
လက်ရှိမှာတော့ TikTik ကို ပိတ်ပင်လိုက်တဲ့အမိန့်က အသက်ဝင်နေပြီဖြစ်ပြီး၊ TikTok ကုမ္ပဏီဖက်ကတော့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်တက်လာပြီး နောက် ပြန်လည်ပယ်ဖျက်ပေးဖို့ မျှော်လင့်နေပါတယ်။